ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်များအား ဆက်လက်ထိုးနှံ

မိုးကုတ်   ဒီဇင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင်အသက် (၁၈)ပြည့်ပြီးသူများအား ပဉ္စမအသုတ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)အား ပထမအကြိမ်ထိုးပေးခြင်းနှင့်ပထမအကြိမ် ထိုးပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိရာ နေ့စဉ်နံနက်(၉)နာရီမှ(၁၂)နာရီထိ မိုးကုတ်မြို့ မိုးလုံလေလုံ အားကစားခန်းမနှင့် ကျပ်ပြင် ပတ္တမြား ရတနာခန်းမတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရှိရပါသည်။

ထိုသို့ထိုးနှံပေးရာတွင် အသက်(၁၈)နှစ်ပြည့်ပြီး တစ်ကြိမ်မျှ ဆေးမထိုးရသေးသူများအား ပထမအကြိမ် ဆေးထိုးနှံရာတွင် သွေးပေါင်းချိန်တိုင်းပေးခြင်း၊ အောက်ဆီဂျင်တိုင်းပေးခြင်း၊ ကာကွယ်ဆေးထိုး မှတ်တမ်းသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်မာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်ကော်မတီမှ သိရှိရပါသည်။

နန်းခွာညိုနှင်း