တောင်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

တောင်ဥက္ကလာပ  ဒီဇင်ဘာ ၂ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေစာရင်းများကို ယနေ့နံနက် (၉)နာရီ အချိန်က အမှတ်(၁၀)ရပ်ကွက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညွန့်ဦးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ အမှတ်(၁၀)ရပ်ကွက်၊ မြို့နယ်ရဲတပ်မှူးရုံးသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြုလုပ်ပေးခြင်းဖြစ်ကာ မြို့နယ်ဦးစီးအရာရှိက ပန်းခင်းစီမံချက်ဆောင်ရွက်သည့် ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ ၊ ပျောက်ဆုံး/ပျက်စီးမှုမရှိစေရေး၊ စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး၍ အမှတ်(၁၀)ရပ်ကွက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲဝင်(၃၅) ဦးတို့အား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခဲ့ပြီး လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍  မေလ ၃ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့မွေးဖွားရာ ဇာတိတွင်အမြဲနေထိုင်ကာ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် ရွေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှသိရှိရ သည်။

ခင်ဆွေနှင်း( ပြန်/ဆက်)