ကျောက်တော် ဒီဇင်ဘာဘာ ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွန်မှုနှင့် အညီ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးဆောင်ပြီး မြို့နယ်အတွင်း ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ဝင်စုကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်လှိုင်က ငါးလုပ်ငန်းရှင် များအနေဖြင့် ငါးသယံဇာတထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ ပြောကြား ရာတွင် မြို့နယ်အတွင်းငါး သယံဇာတများစဉ်ဆက်မပြတ် ထုတ်ယူရရှိနိုင်ရေး၊ ငါးမျိုးများပြုန်းတီးမှုမရှိစေရေးအတွက် ငါးမျိုးစိတ်များစိုက်ထည့်ခြင်း၊ ငါးမဖမ်းရ ရာသီ(သို့မဟုတ်)ဧရိယာသတ်မှတ်ခြင်း၊ အဆိပ်ချ ငါးဖမ်းဆီးမှု မရှိစေရေး၊ ရေလုပ်သားများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်နှင့် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်စေသော ပလက်စတိတ်သုံးစွဲမှုကို လျော့ကျစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် ရှင်းလင်းဟောပြောခဲ့ပြီး အဆိုပါဟောပြေပွဲသို့ တက်ရောက်လာသော (ငါးဖမ်းခြင်းဖြင့်) အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေကြသော ရေလုပ်သားများအနေဖြင့် ငါးလုပ်ငန်းရေရှည စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ပြည်သူများငါးရိက္ခာဖုံလုံစေရန်၊ ကျေးလက်ပြည်သူများ လူမှုစီးပွား ဘဝမြင့်မားလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် တက်ရောက်လာကြသော ရေလုပ်သားများကလည်း ငါးသယံဇာတထိန်းသိမ်းရေးနှင့် ပတ်သက်၍ အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)