မတ္တရာ ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသားများအား လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးစန်းယုမှ ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်းထိန်မှ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပတ်သက်သော သိကောင်းစရာများကို Projector ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အ.ထ.က (မတ္တရာ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ငြိမ်းတင့် မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ ရေးမှူးရုံး မှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)