ပုံပါကျင် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် နံရံကပ်စာစောင်များကို ဒေသခံပြည်သူများ၊ ကျောင်းသူ/ကျောင်းသားများ လေ့လာသိရှိနိုင် ရန်အတွက် အသိပညာပေး နံရံကပ်စာစောင်များကို လစဉ်လဲလှယ်ပြသလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ အချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် (၉) ရပ်တို့ကို မှတ်တမ်းဓာတ်ပုံများနှင့်တကွ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ထိုသို့ပြသဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဖြစ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများ၊ လက်တလော ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်။
COVID-19ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်း များဖြင့် အမြန်ဆုံးကုစားသွားမည်။ တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်။ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံ နှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉) ရပ်တွင် နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေးများကို အကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို မှတ်တမ်းဓာတ်ပုံများဖြင့် ပြသဆောင်ရွက်ခဲ့ရာ ဒေသခံပြည် သူများနှင့် ကျောင်းသား/ကျောင်းသူ များက စိတ်ဝင်စားစွာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)