မိုင်းယောင်းမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွား ၁၃၃ ဦးအား လူမှုရေးပင်စင်ထောက်ပံ့

မိုင်းယောင်း ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွား ၁၃၃ ဦးအား ယနေ့တွင် လူမှုရေးပင်စင်ကို ဘိုးဘွားများ၏ နေအိမ်သို့ သွားရောက်၍ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အဘိုးအဘွားတစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုမှ အဘိုး ၄၁ ဦး၊ အဘွား ၉၂ ဦးတို့အား ထောက်ပံ့ ပေးအပ်ခဲ့ သည်။

အဆိုပါ လူမှုရေးပင်စင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူထံ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝေဝေလွင်က လွှဲပြောင်းပေးအပ်ပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးမှူးတို့က ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း