ကာမိုင်း ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ မြို့မ(၃)ရပ်ကွက်၌ တည်ထားကိုးကွယ်လျက်ရှိသော ကောင်းမြတ်ချမ်းသာဆုတောင်းပြည့်မြို့ဦးစေတီတော်တွင် ရပ်တော်မူ ရုပ်ပွားတော်မြတ်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဧည့်ပရိသတ်အပေါင်းတို့က ဩကာသကန်တော့ကျိုးဖြင့် ဘုရားကန်တော့၍ ငါးပါးသီလခံယူကာ မြို့မကျောင်းထိုင် ဆရာတော်က မြေနေရာအားကမ္မဝါညှပ်ပြီး မေတ္တာသုတ်ရွတ်ဆိုပူဇော်ကာ လှူဒါန်းမှုအစုစုအတွက် ဆုတောင်းအမျှဝေကြကြောင်းသိရသည်။
ဆက်လက်၍ ရပ်တော်မူရုပ်ပွားတော်မြတ်၏ မြေနေရာအား ကာမိုင်းမြို့အတွင်းရှိ ဆရာတော်သံဃာတော်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပန္နက်ရိုက်ခြင်းမင်္ဂလာ ပြုကြပြီး အမွေးနံ့သာရေများ ပက်ဖျန်း ကြသည်။
အဆိုပါရုပ်ပွားတော်မြတ်မှာ အနံတော်(၁၅)ပေနှင့်အောက်ခြေတော်(၃)ပေ စုစုပေါင်း(၁၈)ပေရှိပြီး ကာမိုင်းမြို့ရှိရပ်ဝေးရပ်နီး စေတနာရှင်ပြည်သူများက စုပေါင်းလှူဒါန်းငွေဖြင့် တည်ထားကိုးကွယ် ကြကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)