ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းဆောင်ရွက်

ခရမ်း ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယမန်‌နေ့ မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာ‌ရေးဆရာ ခင်မောင်ညို (ဘောဂဗေဒ) ရေးသားသည့် ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ် Women Club အဖွဲ့ဝင်များ၊ Youth Club အဖွဲဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက် များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်ကြသူများက စာရေးဆရာ၏ အဓိကထားသင့်သည့် ဘဝစ်အောင်မြင်ပျော်ရွှင်စေသည့် နည်းစနစ်နှင့် ကျင့်ကြံနေထိုင်နည်းတို့ကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုမင်း(ခရမ်း)