ဟိုပန် ဒီဇင်ဘာ ၂၄
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လိုက်နာဆောင်ရွက်နိုင်ရန် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဟိဏ်းသီရိကျော်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အနီးနှင့် ဟိုပန်မြို့ဝင်တို့တွင် စိုက်ထူခဲ့ကြသည်။
အဆိုပါ ဆိုင်းဘုတ်သည် အလျား(၁၂)ပေ၊ အနံ(၆)ပေရှိပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာရုပ်ပုံနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာရမည့် အချက် (၇)ချက်တို့ ပါဝင်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်