ကော့မှူး ဒီဇင်ဘာ ၂၄
ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာ လာသူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ရပါသည်။
ကျွန်တော့်နာမည်က ဦးမြအောင်။ အသက်(၆၇)နှစ်ပါ။ ပြည်တော်သာရပ်ကွက်မှာ နေပါတယ်။ ဇူလိုင်လ ၈ ရက်နေ့လောက်မှ ကိုဗစ်ရောဂါစဖြစ်တာပါ။ အဲဒီမတိုင်ခင် ငါးရက်လောက်က မိုးမိပြီးညဘက်မှာကိုယ် တွေလက်တွေ ကိုက်ခဲလာပါတယ်။ နောက်တစ်နေ့မှာ အဖျားကြီးပြီး ရာသီတုပ်ကွေးပုံစံဖြစ် ပေါ်ခံစားလာ ရတယ်။ နှာပိတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း ဝေဒနာတွေ ခံစားရတယ်။ အစားအသောက်က အရသာမရှိဘူး၊ စားမဝင် အိပ်မပျော်ခြင်းနှင့် အနံ့အရသာတွေ ပျောက်သွားတယ်။ ဒါနဲ့အိမ်ထဲမှာအခန်းခွဲပြီး (၂၁)ရက်ကြာ ကုသတယ် အစားအစာများများ စားတယ် အချိန်မှန်အိပ်တယ် ဘာသာရေးလည်းပိုလုပ်ဖြစ်တယ်၊ Vitamin C Vitamin D ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အချိန်မှန်မှန်သောက်တယ်။ ဒီလိုနဲ့ စဖြစ်တဲ့ အချိန်က အရမ်းကြောက်မိတယ်။ ကျွန်တော်အနေနဲ့ ပြောချင်တာကတော့ အိပ်ရေးဝဝအိပ်ပါ။ အားရှိတဲ့အစားအစာကို အချိန်မှန်မှန်စားပါ။ ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာ ဖြစ်ပေါ်လာပါက လုံးဝမကြောက်ပါနဲ့ စိတ်ကိုတင်းထားပါ။ ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီနေထိုင်ပါ။ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပါ။ ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခုလုပ်ပါ။ ကျွန်တော်ကတော့ အခုဆိုရင် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးပြီ၊ ဒါပင်မဲ့ ဆေးထိုးပြီးလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်အတိုင်း လိုက်နာကြရရန်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပါက စနစ်တကျ ကုသ ပါလို့ပြောချင်ပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ကျော်သူရ ကော့မှူး