မိုးညှင်း ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူ (၂၄၉)ဦးအား ၂၀၂၁ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေကို ဒီဇင်ဘာ (၂၃)ရက်နေ့ထိ ငွေကျပ် (၁၇၃၁)သိန်း ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထုတ်ချေးပေးရာတွင် မိုးညှင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေကို နိုဝင်ဘာ(၅)ရက်နေ့မှ ဒီဇင်ဘာ(၂၃)ရက်နေ့ထိ မြို့နယ်အတွင်းရှိကျေးရွာ (၁၂)ရွာမှ ကျေးရွာဘဏ်အဖွဲ့ဝင် တောင်သူ(၂၄၉)ဦးအား ၂၀၂၁ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုး စရိတ်ချေးငွေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ဆောင်းသီးနှံစိုက်ဧက (၁၇၃၁)ဧကအတွက် ချေးငွေစုစုပေါင်း ကျပ်(၁၇၃၁)သိန်း ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာဦးအောင်စိုးဦးထံမှ သိရသည်။
ဇွဲသူရအောင်(ခရိုင် ပြန်/ဆက်)