မန်တုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲပြုလုပ်

မန်တုံ ဒီဇင်ဘာ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအနေဖြင့် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် တတ်စေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲပြုလုပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြသထားသော ပြတိုက်ငယ် (Mini Museum) တိုင်းရင်းသားရိုးရာ အသုံးအဆောင်ပစ္စည်းများကို ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

မန်တုံ (ပြန်/ဆက်)