နမ္မတူတွင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်နှင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

နမ္မတူ ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်နှင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်က နမ္မတူမြို့နယ် မြို့လယ်မြစ်ကူး တံတားအနီးနှင့် မြို့မဈေးအနီးရှိ ဗိုလ်ချုပ်လမ်း၌ ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးဝင်းကိုနှင့် တပ်ဖွဲ့ ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ပြည်နယ်ကြက်ခြေနီ (လားရှိုး) နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ်အဖြစ် ထောက်ပံ့ပေးအပ်လာ သည့် သော့ချိတ်များ၊ အဝတ်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ၊  မိသားစုပြန်လည် ဆက်သွယ်ပေးရေး အသိပညာပေးနှင့် ရွှေ့ပြောင်းမသွားလာမီ သင်သိရှိထားရမည့် အချက်အလက် များ စသည့်အသိပညာပေး လက်ကမ်းစာစောင်များအား အများပြည်သူကျယ်ကျယ် ပြန့်ပြန့်သိရှိစေ ရေး ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးဝင်းကိုထံက သိရသည်။

လူမော် (ပြန်/ဆက်)