နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ဖော် ဆောင်မှု မှတ်တမ်းဓာတ်ပုံများအား ပြသခြင်းဆောင်ရွက်

ညောင်ဦး ဒီဇင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးမြေစိုက်နံရံဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ပါ မှတ်တမ်းဓာတ်ပုံများအား အများပြည်သူ ကြည့်ရှုနိုင်ရန် ယနေ့ နံနက် အချိန်မှ စတင်ပြီး ပြသထားကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူပြည်သားများနှင့် ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ ဖတ်ရှုလေ့လာသိရှိစေရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ပါဝင်သည့် ဗီနိုင်း ပိုစတာနှင့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ အပါအဝင် ဗီနိုင်ပိုစတာများဖြင့် ဝေဝေဆာဆာ ပြသထားသည့် နံရံကပ် ဗီနိုင်းပိုစတာများအား ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ လာရောက်ကြည့်ရှုကြ ကြောင်း သိရသည်။

ကိုထိန်၊ KPD