ဖားကန့် ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်း ဒီဇင်ဘာ (၂၂)ရက်နေ့က လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်း ကျေးရွာအနောက်ဘက် စိန်စိန်ကုမ္ပဏီလုပ်ကွက်နှင့် ဂျိတ်ပါဝါ ကုမ္ပဏီလုပ်ကွက်အတွင်း မြေပြိုကျမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ယမန်နေ့ မွန်းလွဲ (၃)နာရီတွင် ပြည်နယ် အစိုရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြိုဖများနှင့် မြေစာများပြိုကျရာတွင် အသက်ဆုံးရှုံးသွားခဲ့သည့် မိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
ဆက်လက်၍ ဖားကန့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သည့် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ပါဝါပွိုင့်ဖြင့် ဆွေးနွေးတင်ပြပြီး၊ ထောက်ပံ့ငွေများကို လူမှုရေးရာဝန်ကြီးက မြေပြိုကျမှုကြောင့် အသက်ဆုံးရှုံး ခဲ့ကြသူတစ်ဦးလျှင် ငွေကျပ် (၃)သိန်းနှုန်းဖြင့် ထောက်ပံ့ငွေများကို ကျန်ရစ်သူမိသားစုဝင်များအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များသည် နံနက်(၁၁)နာရီခွဲခန့်က လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာအနောက်ဘက် စိန်စိန် ကုမ္ပဏီလုပ်ကွက်နှင့် ဂျိတ်ပါဝါကုမ္ပဏီလုပ်ကွက်အတွင်း မြေပြိုကျခဲ့သည့်နေရာများသို့ သွားရောက ်ကြည့်ရှုစစ်ဆေးကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် လူမှုရေး အသင်း အဖွဲ့များနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့်အဖွဲ့သည် ဒီဇင်ဘာလ (၁၉)ရက်နေ့က မြေပြိုကျမှုဖြစ်ပွားခဲ့သည့် အေးမြသာယာရပ်ကွက် ရှရော်ခကျေးရွာနှင့် မနကျေးရွာကြားရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ဟောင်းရေကန်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မိုးမိုးဝေ(ပြန်/ဆက်)