တောင်ကြီးမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် Mobile Library ကွင်းဆင်းဆောင်ရွက်

တောင်ကြီး ဒီဇင်ဘာ ၂၄

ပြည်သူများ စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများ ရရှိပြီး အမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်၊ စာငှားပရိတ်သတ်များ စာအုပ်အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီတွင် နယ်လှည့် စာကြည့်တိုက် Mobile Library လုပ်ငန်းကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  တောင်ကြီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများ က မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရုံးများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ သုတ/ရသ စာအုပ်ပေါင်း (၂၅၀)ကို အခမဲ့ ငှားရမ်းပေးခဲ့သည်။

တောင်ကြီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်၊ စာငှားပရိသတ်များအတွက် စာအုပ်၊ စာစောင်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေး နယ်လှည့်စာကြည့်တိုက် Mobile Libraryလုပ်ငန်းဖြင့်အခမဲ့ ဝန်ဆောင်မှုပေး လျက်ရှိရာ စာဖတ်ပရိတ်သတ်အကြိုက် စာအုပ်များအား ရက်သတ္တပတ်လျှင် တစ်ကြိမ် သွားရောက်လဲလှယ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)