ကျောက်တလုံးကြီး ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အလယ်တန်းအဆင့် ပုံတူဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့ နံနက် ၉နာရီ ခွဲခန့်က လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်မြဝင်းက ကျောင်းသား၊ ကျောင်းသူ ကလေးများ အရောင်အသွေးများ ရွေးချယ်တတ်စေရန်၊ တီထွင်လိုစိတ် ရင့်သန်လာစေရန်၊ ဉာဏ် ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ ပုံတူဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပရခြင်းဖြစ် ကြောင်း ရှင်း လင်းပြောကြားခဲ့သည်။
အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုပုံတူ ဆေးရောင်ခြယ်ပြိုင်ပွဲ လာရောက်ယှဉ်ပြိုင်ကြသည့် ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြဝင်း(ကျောက်တလုံးကြီး)