မိုင်းငေါ့ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က နတ်သျှင်ရွှေဂူ ရေးသားထားသော “အနာဂတ်ကိုမျှော်တွေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မို့က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းကြောင့် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိရန်၊ စာပေအ ကြောင်းအရာများကို ဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက် များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က ကျောင်းမှကျောင်းသား/သူလေးများ ဖြစ်ကြသော မလှိုင်နဒီထွန်းက မိသားစုပရဟိတ၊ မအိသန္တာချိုက အနာဂတ်ကိုမျှော်တွေးပါ၊ စိုင်းဘဝင်း က ကျေးဇူးတင်တတ်ဖို့ လိုပါတယ် စိုင်းဝေလင်းဦးက မိတ်ကောင်းဆွေကောင်းနဲ့အရည်အချင်း စသည့်ခေါင်းစဉ် အသီး သီးတို့ကို ဖတ်ကြားခဲ့ကြပြီး စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းကို တစ်လလျှင် (၁) ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)