လဲချား ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက် ဖြင့်ဆောင်ရွက်ပေး လျက်ရှိသော နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ဦးစီးရုံးတွင် ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်စိုးမိုးက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် ဝမ်ဖိုင်ကျေးရွာ အုပ်စုအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ (၂၆)ကတ်အား ဝမ်ဖိုင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)