မိုင်းပန် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ မသန်စွမ်းသူများဆိုင်ရာ အသိ ပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က လူထုအခြေပြုဗဟို ဌာန၊ (Community Centre)ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားကာ၊ လူမှူဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းငင်းလိန်က မသန်စွမ်း သူဆိုတာဘယ်လိုမျိုးလဲ၊ မသန်စွမ်းအမျိုးအစား၊ မြန်မာနိုင်ငံမှာ မသန်စွမ်းနဲ့ ပတ်သက်ပြီး ပြဌာန်းထားသညဥပဒေများ၊ မသန်စွမ်းသူများနှင့်ပတ်သက်၍ မိမိတို့ဌာနမှ ပြုစုစောင့်ရှောက် ပေးနေမှုများနှင့် မိုင်းပန်မြို့နယ် အတွင်းမှာရှိသည့် မသန်စွမ်းသူများကို နိုင်ငံတော်အစီအစဉ်ဖြင့် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းကာအိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့မှုများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)