ရေးမြို့နယ်တွင် (၇၄)နှစ်​မြောက် လွတ်လပ်​ရေး​နေ့အထိမ်းအမှတ် စာစီစာကုံး၊ စကားပုံဆက်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေး

ရေး ဒီဇင်ဘာ ၂

မွန်ပြည်နယ် ​ရေးမြို့နယ်တွင် (၇၄)နှစ်​မြောက် လွတ်လပ်​ရေး​နေ့အထိမ်းအမှတ် စာစီစာကုံး၊ စကားပုံဆက်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့​မွန်းလွဲ ၃နာရီက မြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးကိုကိုဦး၊ မြို့နယ်အမျိုးသမီး​ရေးရာနှင့် မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်းဥက္ကဌ ​ဒေါ်မြစန္ဒာညို၊ မြို့နယ်ပညာ​​ရေးမှူး ဦးမင်း​ဌေးဦး၊ ​ကျောင်းအုပ်ဆရာမကြီးများနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊​ ကျောင်းသူများ တက်​​ရောက်ခဲ့ကြပြီး ပထမဦးစွာ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးကိုကိုဦးက ​ကျောင်းသား၊ ကျောင်းသူများအ​နေဖြင့် အခုလို ပြိုင်ပွဲများကို ၀င်​ရောက်ယှဉ်ပြိုင်ခြင်းသည် ​ကောင်း​သော ယှဉ်ပြိုင်မှုများဖြစ်​ကြောင်း ​နောင်တွင်လည်း အခုလိုပြိုင်ပွဲများကို ယှဉ်ပြိုင်နိုင်​ရေးအတွက် ဗသုတုများတိုးပွား​စေရန်စာဖတ်ကြရန်​လိုအပ်​ကြောင်းပြောကြားပြီးနောက် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူ Grade 8​ ကျောင်းသူ မ​ငွေ​သော်တာထွန်းအား ဆုချီးမြှင့်​ပေးသည်။

ထို့​နောက် မြို့နယ်အမျိုးသမီး​ရေးရာနှင့် မိခင်နှင့်က​လေး​စောင့်​ရှောက်ရေးအသင်းဥက္ကဌ ​ဒေါ်မြစန္ဒာညို၊ မြို့နယ်ပညာ​ရေးမှူး ဦးမင်းဌေးဦး၊ မြို့နယ်ပြန်ဆက်ဦးစီးမှူး ​ဒေါ်ခင်သိမ်သိမ့်ရည်နှင့် ​ကျောင်းအုပ်ဆရာမကြီးတို့က ဆုရ​ကျောင်းသား၊ ​ကျောင်းသူများကို ဆုများအသီးသီးချီးမြှင့်​ပေးခဲ့ကြပြီး ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် မောင်ဇွဲခန့်လင်းက လွတ်လပ်​ရေး​​နေ့ကဗျာကို ရွတ်ဆို​ပေးခဲ့​ကြောင်း သိရသည်။

 

ခင်သိမ့်သိမ့်ရည် (မြို့နယ်၊ ပြန်/ဆက်)