သင်္ဃန်းကျွန်း ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(သုဝဏ္ဏ) ကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ယနေ့၊ နံနက်ပိုင်းက အဆိုပါ ကျောင်းဝင်းအတွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင်း အားကစားပြိုင်ပွဲများတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျား/မ မီတာ ၅၀ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် ထုပ်စီးတိုး စသည့်ပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အားကစားပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူ ကလေးများ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်၊ အချင်းချင်း စည်းလုံး ညီညွတ်မှုရှိစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် လွတ်လပ်ရေးအား အသက်နှင့် ယှဉ်ကာ တန်ဖိုးထားမြတ်နိုးတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်စန်းက ပြောပြခဲ့ကြောင်း သိရ သည်။
စန္ဒာမိုး(ပြန်/ဆက်)