ညောင်ဦး ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် မြေအောက်ရေအသုံးပြုစိုက်ပျိုးထားသည့် ပဲတီစိမ်းစိုက်တောင်သူများ စတင်ဆွတ်ခူးရောင်းချချိန် ပဲတီစိမ်း တစ်တင်း ၃၉၀၀၀ ကျပ် ဈေးရောင်းချရခြင်းကြောင့် မြေအောက်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများ၊ သစ်ထောင့်ကျွန်းအုပ်စုကျေးရွာများသည် မြေအောက်ရေသွင်းစိုက်ပျိုးခြင်းဖြင့် အောက်တိုဘာလမှ စတင်ကာ ပဲတီစိမ်းများ စတင်ကြဲပက် စိုက်ပျိုးခဲ့ကြောင်း တစ်လခွဲခန့်အကြာတွင် ပဲတီစိမ်းစိုက်ခင်းများ အဖူး၊ အပွင့် စတင်ဖူးပွင့်ပြီး နှစ်လအကြာတွင် ပဲတီစိမ်းများ စတင်ဆွတ်ခူးရောင်းချကြကြောင်း သိရသည်။ပဲတီစိမ်းဆွတ်ခူးချိန်တွင် တစ်ဧကစိုက်ခင်းတစ်ခင်း ပဲတီစိမ်းကောက်သမ တစ်ကြိမ်ဆွတ်ခူးဖို့ အယောက် ၂၀ လိုအပ်ကာ ပဲတီစိမ်းကောက်သမတစ်ဦးလျှင် တနေကုန် ၃၀၀၀ ကျပ်ပေးရကြောင်း၊ ပဲတီစိမ်းဆွတ်ခူးပြီး တစ်ရက်လောက်နေလှန်းကာ အစေ့ထုတ်ပီး ပခုက္ကူမြို့ရှိ ပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း လက်ပံခြေပေါ်အုပ်စုရွာသစ်ကုန်းကျေးရွာ မြေအောက်ရေအသုံးပြု နွေပဲတီစိမ်းစိုက်တောင်သူ ဦးဇော်ဝင်းက ရှင်းပြသည်။ ပဲတီစိမ်းတစ်တင်း ပိဿာချိန် ၁၉ ပိဿာရှိကာ တစ်တင် ၃၉၀၀၀ ကျပ်နှုန်း ရောင်းချရခြင်းကြောင့် မနှစ်ကဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချရကာ တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ကြောင်း သိရပြီး နွေပဲတီစိမ်းစိုက်တောင်သူများ ဈေးကောင်းရရှိခြင်းကြောင့် အဆင်ပြေနေကြကြောင်း ပဲတီစိမ်းစိုက်တောင်သူများထံက သိရသည်။
ကိုထိန်၊KPD