နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဖော်ဆောင်မှု မှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်

တောင်ကြီး    ဒီဇင်ဘာ    ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသထားကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူများ အလွယ်တကူ ဖတ်ရှုလေ့လာ သိရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတွက် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာနှင့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ အပါအဝင် ဗီနိုင်းပိုစတာများဖြင့် ဝေဝေဆာဆာ ပြသထားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)