ကျိုက်မရောမြို့အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ တည်ဆောက်မှုရာခိုင်နှုန်းပြည့်ပြီးစီး၍ အာကစားဝါသနာရှင်များ အခမဲ့လာရောက်ကစားနိုင်

ကျိုက်မရော    ဒီဇင်ဘာ  ၂၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ မြို့မအားကစားကွင်း၌ တည်ဆောက်ထားသည့် ဖူဆယ်အားကစားရုံ တည်ဆောက်ပြီးစီးမှုရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ရာ ဖူဆယ်အားကစားဝါသနာရှင် လူငယ်များအနေဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ မည်သူမဆိုအခမဲ့လာရောက်ကစားနိုင်ကြောင်း သိရသည်။

အဆိုပါဖူဆယ်အားကစားကွင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ (၄၉.)သန်းဖြင့် Golden hill 2019 Co.ltd မှ တာဝန်ယူတည်ဆောက်ခဲ့ပြီး အားကစားရုံမှာ အလျား (၁၃၅ပေ×၇၅ပေ)ဖြစ်ကြောင်း သိရသည်။ အဆိုပါဖူဆယ်အားကစားရုံကို မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင်များအနေဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ သတ်မှတ်ထားသည့်စည်းကမ်းချက်များ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းညွှန်ချက်များကို လိုက်နာပါက အားကစားဝါသနာရှင် မည်သူမဆို ကျန်းမာရေးအတွက် အခမဲ့လာရောက်လေ့ကျင့်ကစားနိုင်မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးကိုကိုဝင်း ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)