ဗဟန်းမြို့နယ်၌ နိုင်ငံ​​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ သတင်းထုတ်ပြန်​ရေးအဖွဲ့မှ ထုတ်ပြန်​ကြေညာချက်အား​ အများပြည်သူများ သိရှိလိုက်နာ​စေရန် အသံချဲ့စက်ဖြင့် လိုက်လံအသိ​ပေး နှိုး​​ဆော်

န်ကုန်  ဒီဇင်ဘာ  ၂၃

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ရပ်ကွက်​ပေါင်း (၂၂)ရပ်ကွက်အတွင်း​ နေထိုင်ကြ​သော ပြည်သူအများ သိရှိလိုက်နာ​ဆောင်ရွက်​စေရန်အတွက် အသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာခဲ့သည့် NUG၊ CRPH နှင့် လက်ဝေခံ PDF အဖွဲ့များ၏ တရားမဝင် လက်နက်များ၊ ခဲယမ်းများ၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် လက်လုပ်သေနတ်၊ ယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို လက်ဝယ်ကိုင်ဆောင် အကြမ်းဖက်မှုအပေါ်နှင့် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တချို့တို့မှလည်း နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်ရန်အလို့ငှာ ပြည်တွင်းသို့ နည်းမျိုးစုံဖြင့် ပို့ဆောင်နေသည့် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအား နေ့စဉ်နှင့်အမျှ ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသကဲ့သို့ နည်းမျိုးစုံဖြင့် လက်ဝယ်ကိုင်ဆောင်သူ အကြမ်းဖက်သမားများထံမှလည်း ဖော်ထုတ်ဖမ်းဆီး သိမ်းဆည်းရမိလျက် ရှိပါသည်။

၎င်းအပြင် တချို့သော အကြမ်းဖက်သမားများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ မသိနားမလည်မှု၊ ရိုးသားမှုအပေါ် အခွင့်ကောင်းယူလျက် မိမိတို့၏ တရားမဝင် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် တားမြစ် ပစ္စည်းများကိုလည်း နည်းအမျိုးမျိုး၊ အသွင်အမျိုးမျိုးဖြင့် အပ်နှံသိမ်းဆည်းစေမှုများကိုလည်း ဖော်ထုတ်ဖမ်းဆီး ရမိလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အကြမ်းဖက်သူများနှင့် မသက်ဆိုင်သူများကို မလိုလားအပ်သော တရားဥပဒေရင်ဆိုင်မှုများ မရှိစေနိုင်ရေးအလို့ငှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား၍ နိုင်ငံသူ၊နိုင်ငံသားများ အားလုံးသည် အကြောင်းအမျိုးမျိုးနှင့် နည်းမျိုးစုံဖြင့် မိမိတို့ နေအိမ်၊ တိုက်ခန်းနှင့် နေရာအသီးသီးတွင် တရားမဝင် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် နိုင်ငံတော်မှ ဥပဒေအရ တားမြစ်ပြဌာန်းထားသည့် မူးယစ်ဆေးဝါးများ လက်ဝယ်သို့ ရောက်ရှိ သိမ်းဆည်းထားခြင်းများရှိကြပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံကြပါရန်နှင့် သတ်မှတ်ရက်ကျော်လွန်ပြီး နောက် စစ်ဆေးတွေ့ရှိရပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်နှိုး​​ဆော်​ ဆောင်ရွက်လျက်ရှိ​ကြောင်း သိရှိရသည်။

အောင်မြင့်