ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်ရုံးတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် (Talk Show) ဆောင်ရွက်

ပုဇွန်တောင် ဒီဇင်ဘာ ၂၃

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (Talk Show) ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင် မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်ရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး စာရေးဆရာမ ညွန့်ညွန့် (ကလော)က လွတ်လပ်ရေးနေ့ ဖြစ်တည်လာပုံ၊ ကျူးကျော်စစ်သုံးကြိမ် ပေါ်ပေါက်လာမှုများ၊ လွတ်လပ်ရေး ရပြီးနောက် နိုင်ငံတော်တိုးတက်လာမှုများကို ယနေ့ခေတ်လူငယ်တွေ အသိပညာ ဗဟုသုတရရှိစေရန်အလို့ငှာ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဇွန်တောင်မြို့နယ်ရုံးမှ ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာ များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် လစဉ်ပြုလုပ်ဆောင်ရွက်ပေးပြီး ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

မြတ်သီရိခိုင်(ပြန်ဆက်)