မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာတစ်ဆယ့်တစ်ရွာတွင် ကျေးလက်ရေ ရရှိရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိ

မိတ္ထီလာ ဒီဇင်ဘာ ၂၃

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာတစ်ဆယ့်တစ်ရွာတွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေကျပ်သန်း ၂၉၀ ကျော်ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။  

မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ် များတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေ ကျပ် ၂၉၂.၁၈၂ သန်းဖြင့် ခရိုင်အတွင်းရှိ ကျေးရွာ (၁၁) ရွာတွင်   ကျေးလက်ရေရှိရေးလုပ်ငန်းများ ကို  နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် မိတ္ထီလာမြို့နယ် အတွင်းရှိ ဆပ်ပြာကျင်း၊ ဆင်စလွယ်၊ ဝါးရုံကျေးရွာတို့တွင် တင်ဒါအောင်မြင်သည့် Four G Co;Ltdမှ တာဝန်ယူပြီး စက်ရေတွင်း တူးဖော်ခြင်း၊ ရေစက်ရုံ တည်ဆောက်ခြင်း၊ ရေစင်တည်ဆောက်ခြင်း၊ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းများနှင့် မလှိုင်မြို့နယ်အတွင်းရှိ ကံတွင်း၊ မုံပင်၊ လိပ်ခွဲကျေးရွာတို့ တွင် တင်ဒါအောင်မြင်သည့် Four G Co;Ltd က တာဝန်ယူပြီး စက်ရေတွင်း တူးဖော်ခြင်း၊ ရေစင် တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ပိုက်လိုင်း သွယ်တန်း ခြင်း၊ ပါဝါမီတာ တပ်ဆင်ခြင်း၊ ၄၀၀ ဗို့အားလိုင်း သွယ်တန်းခြင်း၊ ပန့်တပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပင်တလဲ၊ ဆူးဖြူကန်၊ ရုံးပင်ကုန်းကျေးရွာတို့တွင် တင်ဒါ အောင်မြင် သည့် Triple thar Co;Ltdမှ တာဝန်ယူပြီး စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်း၊ ရေစုကန် တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက် ခြင်း၊ ပိုက်လိုင်းသွယ်တန်းခြင်း၊ စက်တပ်ဆင်ခြင်းများနှင့် သာစည်မြို့နယ်အတွင်းရှိ ဘိုကုန်း၊ မကျီးကန်ကျေးရွာတို့တွင် တင်ဒါ အောင်မြင်သည့် ရွှေစင်အားမာန်ကုမ္ပဏီမှ တာဝန်ယူပြီး စက်ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေစင်တည်ဆောက် ခြင်း၊ မီးလိုင်းသွယ်တန်းခြင်း၊ မော်တာနှင့် ပန့်တပ်ဆင်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ပိုက်လိုင်းသွယ်တန်းခြင်းများ  ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေး ယမန့်နေ့က ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)