ကျောက်ဆည် ဒီဇင်ဘာ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက ၂၀၂၁-၂၀၂၂၊ ခုနှစ် (၆) လ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဆောင်ရွက် မည့် ကျေးရွာ (၁) ရွာနှင့် VDPစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ(၅) ရွာအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရန်ပုံငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးက မြစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် အရင်းမပျောက်မတည် လည်ပတ်ရန်ပုံငွေလုပ်ငန်းများအကြောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းလုပ်ငန်းများအကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့၏ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်သည့်အတွက် အလေးထားဆောင်ရွက်သွားကြရန်မှာ ကြားဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။
ထို့နောက် မြစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်မည့် သပြေကုန်းကျေးရွာအား ငွေကျပ်သိန်း (၃၀၀) နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း အကောင်အထည်ဖော်ဆောင်မည့် ပေါင်လောင်၊ သပြေဝန်း၊ ရွာသာအေး၊ ကျောင်းကုန်းကျေးရွာနှင့် သပြေတော ကျေးရွာများမှ ကျေးရွာစီမံကိန်းကော်မတီများအား ငွေကျပ်သိန်း (၁၀၀) စီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရ သည်။
သက်မောင်(ကျောက်ဆည်)