မိုင်းဖြတ် ဒီဇင်ဘာ ၂၃
ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း လီမီတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ စည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမီတက်ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက အသင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး၊ အသင်းပိုင်းလုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စပ်လျဉ်းပြီး အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူက အသင်း၏လုပ်ငန်းများ လည်ပတ်နေမှု၊ အောင်မြင်နေမှု အခြေအနေများကို ရှင်လင်းပြောကြားခဲ့သည်။ ယင်းနောက် အမှုဆောင်အဖွဲ့ဝင် ဦးရာဇာဝင်းထွန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်းများနှင့် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို ရှင်းလင်းဖတ်ကြားခဲ့သည်။ ဆက်လက်၍ အသင်းသူ၊ အသင်းသားများ၏ အကြံပြု ဆွေနွေးချက်များကို ရယူကာဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း လီမီတက်ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဆိုပါငွေစုငွေချေးအသင်း၌ အသင်းသားဦးရေ (၁၇၃)ဦးရှိပြီး အသင်းမှာ လုပ်ငန်း ဆောင်ရွက်မှုများ အောင်မြင်လျက်ရှိကြောင်းသိရသည်။
သန်းထွန်းအေး (ပြန်/ဆက်)