သထုံ ဒီဇင်ဘာ ၂၃
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်း က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်ခင်လေးနွယ် က Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး သထုံခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်သောင်းဦး က မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ၊ မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ အပါအဝင် အခြားဘေးအန္တရာယ်ဖြစ်စဉ်များ၌ မီးသတ်တပ်ဖွဲ့၏ ဆောင်ရွက်ချက်များ၊ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး စုဖွဲ့ထားရှိမှုအခြေအနေ၊ သထုံခရိုင်အတွင်း ယခင်နှစ်နှင့် ယခုနှစ် သဘာဝဘေးဖြစ်ပွားမှုများနှင့် မီးသတ်တပ်ဖွဲ့၏ ကူညီပေးမှုများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊ သဘာဝဘေးအန္တရာယ် အမျိုးမျိုးနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ စသည့် သဘာဝေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)