မိုးမိတ်မြို့တွင် စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား မီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

မိုးမိတ်  ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းတို့ကို ယမန်နေ့ ညနေ ၃  နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဒုတိယမီးသတ်ဦးစီးမှူး ဦးစိုင်းမင်းမင်းထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊   မီးဘေးအန္တရာယ် ကျရောက်မှု မရှိစေရန်အတွက် မီးသတိရှိရေး အထူးဂရုစိုက်ကြရန်နှင့် မီးဘေးလုံခြုံမှု ရှိစေရေးတို့အတွက်၊ ဈေးဆိုင်ခန်းများ၏ လျှပ်စစ်မီးသုံးစွဲမှု အခြေအနေနှင့် မီးဘေးလုံခြုံမှု ရှိ/မရှိ၊ ဈေးဆိုင်ခန်းများတွင် ထားရှိသော မီးသတ်ဆေးဘူးများ ကောင်း/မကောင်း၊ မီးသတ်ဆေးဘူး များထားရှိမှု အခြေအနေများ၊ မီးလောင်မှု၊ မီးထိတ်လန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးလုံခြုံမှု ရှိ/မရှိ စစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိခြင်း၊ မီးကို စနစ်တကျ ကိုင်တွယ် သုံးစွဲခြင်းများကို လိုက်လံစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)