မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

မူဆယ်     ဒီဇင်ဘာ   ၂၃

မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယမန်နေ့ နေ့လယ် (၁) နာရီက ကျွန်တော့်အတွေးအခေါ်များ မှတ်စုစာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး ကျွန်တော့်အတွေးအခေါ်မှတ်စုများစာအုပ်မှ မိမိကိုယ်ကိုမိမိ ပြန်ကြည့်ခြင်း ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးသည်။

ဆက်လက်ပြီး တက်ရောက်လာသူများက “ဘဝ၏သဘော” ခေါင်းစဉ်၊ “စိတ်နှင့်ရုပ်သဘော”ခေါင်း စဉ်၊ “လူ့ကျင့်ဝတ်နှင့် ငါ့အမြင်ခေါင်းစဉ်’ များဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)