စဉ့်ကိုင်မြို့နယ်တွင် (၇၄) နှစ်မြာက် လွတ်လပ်ရေးနေ့အထိမ်းမှတ် ဟောပြောပွဲ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

စဉ့်ကိုင် ဒီဇင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက် (၁၁) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဘိုဘိုဟန်က  ကျောင်းသား/သူများအား (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ ပြပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကျင်းပရခြင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ် စာအုပ်၊ စာစောင် ချစ်မြတ်နိုး သူများအသင်းဥက္ကဋ္ဌ စာရေးဆရာ ဦးဝင်းကြည် (စဉ့်ကိုင်) က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ လွတ်လပ်ရေး ရပြီးနောက် ခေတ်သုံးခေတ်၏ ဘာသာ၊ သာသနာ ယဉ်ကျေးမှုတိုးတက်လာမှုများနှင့် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် သိမှတ်ဖွယ် အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် မူလတန်းအဆင့် ကဗျာရွတ် ပြိုင်ပွဲကို  ကျောင်းသား/သူ (၂၀) ဦး ဝင်ရောက်ယှဉ်ပြိင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့်  ပြိုင်ပွဲဝင်ဆုများကို  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက  ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး  ပြသထားသည့်  နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်