ပြင်ဦးလွင်မြို့ရှိ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်မီးငြှိမ်းသတ်ခြင်း သရုပ်ပြ

 ပြင်ဦးလွင်    ဒီဇင်ဘာ   ၂၂

  
မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့ရှိ  ဈေးသူ၊ ဈေးသားများ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့ မီးငြှိမ်းသတ်နိုင်ကြစေရန် ရည်ရွယ်ကာ  ယနေ့ နံနက်(၁၀) နာရီ အချိန်က မြို့မစည်ပင် သာယာဈေးကြီးတွင်  မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

အဆိုပါ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့၀င်များက သရုပ်ပြ မီးငြိမ်းသတ်ခြင်း၊ မီးသတ်မော်တော်ယာဉ်ဖြင့် ရေပတ်ဖြန်းမီးငြိမ်းသတ် သရုပ်ပြခြင်းများကို မြို့နယ်မီးသတ် ဦးစီးမှူး ၏ ကြီးကြပ်မှုဖြင့် သန္ဓေတပ်ဖွဲ့၀င်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များက သရုပ်ပြဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဈေးသူဈေးသားများက တက်ရောက်ကြည့်ရှုခဲ့ကြပြီး မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်သွားနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)