မိုးကောင်း ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး Community Centre ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်က ဆရာကြီးတက်တိုး၏ ကျွန်တော့်အတွေးအခေါများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကျွန်တော့်အတွေးအခေါ်များစာအုပ်မှ မိမိကိုယ်ကိုမိမိပြန်ကြည့်ခြင်း ခေါင်းစဉ် ပါအကြောင်းအရာများတွင် ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်နီနီလွင်က ကိုယ့်အကြောင်း၊ ကျော်ကြားမှု၊ ပရိတ်သတ်နှင့်ငါ ခေါင်းစဉ်ငယ်ဖြင့်လည်းကောင်း၊ ဓါတ်ပုံကျွမ်းကျင်-၂ ဦးသန်းလွင်ဦးက နှလုံးသားနုနု၊ မတရားမှုတွေ၊ ငုံးဆူလူမသိ၊ နဂိုအမြင် ခေါင်းစဉ်ငယ်များကို လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အိအိဖြိုးက အချိန်နှင့်ဘဝတာဝန်၊ ပြောစရာရှိတာ၊ အလှပြင်တယ် ခေါင်းစဉ်ငယ်များကို လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခင်ဇာလီခိုင်က လူလတ်တန်းစားစိတ်ဓါတ်၊ ဆက်တွေးပေါ့ စသည့်ခေါင်းစဉ်ငယ်များကို လည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အဆိုပါစာအုပ်ထဲမှ ကိုယ့်အကျိုးအတွက်ပဲလုပ်လုပ်၊ အများအကျိုးအတွက်ပဲလုပ်လုပ် အကျိုးဖြစ်ထွန်းဖို့ဆိုလျှင် လုပ်လိုက်ရမှ ကြေနပ်ရခြင်းစိတ်ခံစားချက်များ၊ စာအုပ်ဖတ်ခြင်းမှရရှိလာသည့် အတွေးအခေါ်ကြံဆမှု စိတ်ခံစားချက်များကို အပြန်အလှန် ပြောဆို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)