လားရှိုးမြို့ Community Centre တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

လားရှိုး  ဒီဇင်ဘာ  ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံး ခန်းမတွင် ဒီဇင်ဘာလ(၂၂)ရက်နေ့ နံနက်(၉)နာရီခွဲ အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်ကေသွယ်ဟန်က လားရှိုးလူထုအခြေပြုဗဟိုဌာန Community Centre ရှိ ကလေးစာဖတ် ခန်း၊ အစည်းအဝေးခန်းမ၊ ကွန်ပျူတာခန်းမ၊ အားကစားခန်းမ၊ သင်တန်းခန်းမ၊ ဘက်စုံသုံးခန်းမနှင့် ဟင်းလင်းပြင်ရှိ အားကစားပစ္စည်းများအားအခမဲ့လာရောက်အသုံးပြုနိုင်ကြောင်း၊ Community Centreသည် လူထုအခြေပြုဗဟိုဌာန ဆိုသည့်အတိုင်း လားရှိုးမြို့ရှိပြည်သူများအတွက် အကျိုးရှိစွာ အသုံးချနိုင်သည့်အဆောက်အဦးဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ အားလပ်ချိန် Community Centreရှိ ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း Community Centre နှင့်ပတ်သက်၍ မိတ်ဆက်စကား ပြောကြားပေးခဲ့သည်။ ထို့နောက် လားရှိုးမြို့ပေါ်ရှိ အခြေခံကျောင်း (၉)ကျောင်းမှ အလယ်တန်း အဆင့်ကျောင်းသား၊ ကျောင်းသူ(၁၈)ဦးတို့က လွတ်လပ်ရေးကို ချစ်မြတ်နိုးပါ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဇန်နဝါရီလ(၃)ရက်နေ့ လားရှိုးမြို့  လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံး ခန်းမတွင် ကျင်းပမည့် အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများက လူထုအခြေပြုဗဟို ဌာန  Community  Centre  မြေညီထပ်တွင် ပြသထားသောနံရံကပ်စာစောင်များ၊ တိုင်းရင်းသား ရိုးရာ အသုံးအဆောင်ပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး