သွားလာရန်ခက်ခဲသော ‌တောင်ပေါ်ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေး

မိုင်းယန်း    ဒီဇင်ဘာ       ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ တောင်ပေါ်ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုး စုရပ်များ၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာ ရေးဝန်ထမ်းများက သွားလာရန်ခက်ခဲသော ယန်းကောင် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ အသက်(၆၅)နှစ် အထက်ဘိုးဘွားများ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး