မိုင်းလုံ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံကို ယခုလို ကြားသိခဲ့ရသည်။
ကျွန်တော်က ဦးအောင်မြင့်ဦး အသက်(၄၀) နှစ်၊ အထက်ရပ်ကွက်၊ မိုင်းလုံမြို့ မှာနေပါတယ်။ ကျွန်တော်က ကိုယ်လက်တွေကိုက်ခဲပြီး အနံ့လည်း(၁)ပတ်လောက် ပျောက်သွားပါတယ်။ ဒါကြောင့် ကျန်းမာရေးဌာနကိုသွားပြီး စစ်ကြည့်တော့ (positive)ဖြစ်နေတာကြောင့် ဆေးကုသ မှုခံယူခဲ့ပါတယ်။
ရောဂါစဖြစ်တဲ့အချိန်မှာတော့ နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲပါတယ်။ ဆရာပေးတဲ့ ဆေးတွေကို ပုံမှန်သောက်ပြီးတော့ (၅)ရက်နောက်ပိုင်း နှာစေး၊ ချောင်းဆိုး၊ ဖျားတာတွေ မရှိတော့ဘူး။ Quarantine Centre မှာ ကျန်းမာရေးဌာနကတာဝန်ရှိသူတွေ ညွှန်ကြားချက်တဲ့ အတိုင်း ဆေးပုံမှန်သောက်ပါတယ်။ ကိုယ်ခံအားကောင်းလာအောင် အဟာရပြည့်မဲ့ အစားအသောက်တွေကို ပုံမှန်စားပါတယ်။ ဆရာကရေချိုးဆင်ခြင်ခိုင်းပြီး အအေးမိမခံရအောင် ဂရုစိုက်နေထိုင်သောကြောင့် Quarantine Centre မှာ (၁၄)ရက်နေပြီး အိမ်ကိုပြန်လာနိုင်ခဲ့ပါ တယ်။ အိမ်မှာ (၇)ရက်နေပြီးနောက်ပိုင်း အရင်လိုပြန်ကျန်းမာ လာပါတယ်။ ဒါပေမဲ့ အရင်လို အလုပ်ကို ဆက်တိုက်လုပ်ရင် မောနေသေးတယ်။
ကျွန်တော့်အနေနဲ့အကြံပြုချင်တာက ကိုဗစ်ရောဂါကို မပေါ့ဆပါနဲ့ မြန်မြန်သိပြီး မြန်မြန်ကုသမှ ရောဂါအခြေအနေမဆိုးပဲ နှာစေး၊ ချောင်းဆိုးလောက်ပဲဖြစ်ပြီး ပုံမှန်အတိုင်းသွားလာလှုပ်ရှားလို့ ရမှာပါ။ ရောဂါဖြစ်နေချိန်မှာ ကိုယ်ခံအားကောင်းအောင် နေထိုင်ပါ၊ စိတ်ဓာတ်လုံးဝမကြပါနဲ့၊ ရောဂါသက်သာပျောက်ကင်းပြီး Home Quarantine နေတဲ့အချိန်မှာလည်း အဟာရပြည့်ဝ အောင်စားပါ၊ ရေချိုးဆင်ခြင်ပါ၊ အပင်ပန်းခံတာ တွေမလုပ်ဘဲ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လမ်းညွှန်မှုအတိုင်းနေထိုင်ပါ။ မတတ်သာလို့ အပြင်ထွက်ရရင်လည်း Mask တပ်ပြီး၊လူအများနဲ့ ပြောဆိုရတဲ့အခါ(၆)ပေအကွာနေပါ။ ရောဂါစဖြစ်မှန်းသိရင် ရှက်ကြောက်နေဖို့ မလိုပါဘူး၊ ဆေးကုသမှု ခံယူကြပါလို့ အကြုံပြု ပြောကြားခဲ့ပါတယ်။
မြို့နယ်(ပြန်/ဆက်)