ဟိုပုံး ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မြို့နယ်စည်ပင်သာရေး ဌာနမှ မြို့သာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က နောင်ဘိုလမ်းသွယ်-၂ တွင် ကတ္တရာလမ်းခြင်းခင်းလုပ်ငန်း ဆောင်ရွက် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်နှင့် တာဝန်ရှိသူများက ၂၀၂၁- ၂၀၂၂ (၆လ) ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် (၂၀.၇၅) သန်းဖြင့် ဆောင်ရွက်သည့် လမ်း(၁၂ပေ x ၁၀၀၀ ပေ)ရှိ တင်ဒါအောင်မြင်သည့် ထွန်းလမင်းသစ္စာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)