မန္တလေး ဩဂုတ် ၂၄
မန္တလေး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ ဈေးများတွင် နှာခေါင်းစည်းများ တပ်ဆင်ရောင်းဝယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီကစတင်၍ နန်းရှေ့ဈေး၊ မန်းသီရိဈေး၊ ယောမင်းကြီးဈေး၊ ဆင်များရှင်ဈေးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ကြရာတွင် အောင်မြေသာစံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ဖြိုးနှင့်ဝန်ထမ်းများ၊ ဈေးတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများကပူးပေါင်း၍ ဈေးအတွင်းရှိ ဈေးသည်များနှင့် ဈေးလာဝယ်သူများအား နှာခေါင်းစည်းများကို တပ်ဆင်ရောင်းဝယ်ကြစေရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)