ရပ်စောက်၌ မြေပဲရွက်ထွင်းပိုး ရွက်လိပ် ရွက်ကပ် တောင်သူအသိပညာပေး (Talk Show) ကျင်းပ

ရပ်စောက် ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့တွင် ကျေးလက်တောင်သူများ အသိပညာဗဟုသုတ တိုးပွား လာစေရန်ရည်ရွယ်၍ မြေပဲ ရွက်ထွင်းပိုး ရွက်လိပ် ရွက်ကပ် တောင်သူ အသိပညာပေး  (Talk Show) ကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းမြတ်ကျော်စိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်ခိုင်အေးက ရွက်ထွင်းပိုး၊ ရွက်လိပ် ရွက်ကပ်ပိုး များ ကျရောက်လေ့ရှိသည့် လက်ခံပင်များ၊ ပိုးကျရောက်တတ်သောအချိန်၊ အပင်ဖျက်ဆီးမှု လက္ခဏာကို သိမြင်နိုင်သည့် အနေအထားများနှင့် မိမိလယ်ယာစိုက်ခင်းများတွင် ရွက်ထွင်းပိုး၊ ရွက်လိပ် ရွက်ကပ်ပိုး များ ကျရောက်ခြင်းမှ ကာကွယ်၊ နှိမ်နင်းနိုင်မည့်အချက်များကို တောင်သူများသိရှိနားလည်စေရန် အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်စောက်မြို့နယ်ရုံးမှ ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန်အတွက် Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို We Love Yatsauk Facebook Page တွင်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)