ငါန်းဇွန်မြို့နယ်၊ ဝါးရုံချောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ကျောင်းဆောင်သစ် ရာနှုန်းပြည့်ဆောက်လုပ်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ငါန်းဇွန် ၊  ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဂျွန်းကန်ကျေးရွာအုပ်စု၊ ဝါးရုံချောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်သစ်အား တော်ဝင်ပုံရိပ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ရာ ယမန်နေ့ညနေ ၃ နာရီအချိန်က အဆိုပါ ကျောင်းဆောင်သစ် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှုအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဝင်များဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြိုင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းကိုနှင့် ဦးဆန်းဝင်း(Third Party)တို့သည် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ငွေလုံးငွေရင်းရန်ပုံငွေ (၃၂ဒသမ ၃၀၁)ကျပ်သန်းဖြင့် (အလျားပေ ၆၀၊ အနံပေ ၃၀)Steel Structure တစ်ထပ်ဆောင် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီးကော်မတီဝင်များက တာဝန်ယူတည်ဆောက်သည့် တော်ဝင်ကုမ္ပဏီမှ တာဝန်ရှိသူ များအား လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။       

သက်နောင်ဦး(ငါန်းဇွန်)