ကာလိ၊ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ကာလိမြို့ရုံး၌ဒီဇင်ဘာလ (၂၂)ရက်နေ့ ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသ ထားကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများနှင့် ကျောင်းသား/သူ များ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီး အကျယ်တဝင့် သိရှိစေရန်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတွက် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံ များ ပါဝင်သည့် ဗီနိုင်းပိုစတာနှင့် ဦးတည်ချက် (၉) ရပ်တွင် ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက်မှတ် တမ်းဓာတ်ပုံများ အပါအဝင် ဗီနိုင်းပိုစတာများဖြင့် ဝေဝေ ဆာဆာပြသထားကြောင်း သိရသည်။
ဝင်းကျော်(ကာလိ)