နောင်တရား ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီးဝန်းကျင်ကျေးရွာများနှင့် ဝေးလံသည့်ကျေးရွာများအထိ ကာကွယ်ဆေး မထိုးရသေးသည့်ပြည်သူများကို ပဥ္စမအသုတ်ပထမအကြိမ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂၇၅၀)ဦး ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေး လုပ်ငန်းများကို ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်ပေးလျက်ရှိပြီး နောင်တရားမြို့ အနီးဝန်းကျင်ရှိ ကျေးရွာများနှင့် မြို့နှင့်အလှမ်းကွာဝေးသည့် ဝေးလံသည့်ကျေးရွာများအထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများကို ပဥ္စမသုတ်၊ ပထမအကြိမ် တွင် သတ်မှတ်စုရပ်၌ ပြည်သူ(၂၇၅၀)ဦးကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ သည်။ တစ်မြို့နယ်လုံးအတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လွမ်းခြုံထိုးနှံနိုင်ရေးအတွက် မြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၄)အုပ်စုမှ ဝေးလံသည့် ကျေးရွာများအထိ သတ်မှတ်စုရပ်များ၌ ကိုဗစ်-၁၉ရေားဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များက ကျေးရွာအရောက် ကာကွယ်ဆေးများ သွားရောက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
တတိယသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် နိုဝင်ဘာ လ (၂၄၊ ၂၅၊ ၂၆)ရက်နေ့နှင့် ဒီဇင်ဘာလ (၇)ရက်နေ့ ပထမအကြိမ်ထိုးနှံပြီးသည့် ပြည်သူ (၁၃၉၅)ဦးကို သတ်မှတ်စုရပ်များ၌ဒီဇင်ဘာလ (၂၂၊ ၂၃၊ ၂၄)ရက်နေ့များတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခွန်အောင်(နောင်တရား)