ရန်ကင်း ဒီဇင်ဘာ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်က အဘိဓမ္မဝိသုဒ္ဓိမဂ် စာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အမှတ် (၁၄)ရပ်ကွက် မိုးကောင်း ဘုရားလမ်းရှိ မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အဖွင့်အမှာစကား ပြောကြားရာတွင် ရန်ကင်းမြို့နယ်အနေဖြင့် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေရန်အတွက် အဘိဓမ္မဝိသုဒ္ဓိမဂ် စာမေးပွဲများအား နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်တွင်လည်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနဲ့အညီ ကျင်းပပြုလုပ်နိုင်ရေး၊ စာမေးပွဲအောင်မြင်စွာ ပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ စာမေးပွဲကြီးကြပ်ရေးကော်မတီနှင့် ရပ်မိရပ်ဖများ၊ သာသနာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နှင့် အဆိုပါ စာမေးပွဲအား ဒီဇင်ဘာ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ စာမေးပွဲကြီးကြပ်ရေး ကော်မတီအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများက လိုအပ်သည်များ ဖြည့်စွက်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)