မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မသန်စွမ်းသူတို့ဝိုင်းကူ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်

ရန်ကုန် ဒီဇင်ဘာ ၂၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူတို့ ဝိုင်းကူခေါင်းစဉ်ဖြင့် အသိ ပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်္ဂလာ တောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ရိုက်ကူးခဲ့ပြီး Online မှ တစ်ဆင့် ထုတ်လွှင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ရိုက်ကူးရာတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသော ကလေးများကျောင်း (တာမွေ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်အောင်က နားမကြားကလေးများအား ပညာသင်ကြား ပေးနေမှုအခြေအနေများ၊ ကလေးများ စိတ်အားငယ်မှုမရှိစေရေးအတွက် ကူညီပံ့ပိုးဆောင်ရွက် ပေးသင့်သည့် အချက်များ၊ မိဘများအနေဖြင့် နားမကြားကလေးများအား ပညာသင်ကြားပေး သင့်သည့် အချက်များ၊ မသန်စွမ်းကလေးများ၏ အနာဂတ်ဘဝများ ပိုမိုတိုးတက်လာစေရေး အတွက် မိဘ၊ ဆရာ၊ ပတ်ဝန်းကျင် လက်တွဲညီညီပူးပေါင်း ပါဝင်ဆောင်ရွက်သင့်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ Talk Show ဆွေးနွေး မှုများ အား We Love Mingalar Taung Nyunt Page မှ တစ်ဆင့် ပြည်သူများ အသိပညာ ရရှိစေရေးအတွက် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)