တွံတေး ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးမှ စာထောက်-၃ ဒေါ်ဖြူဖြူဝင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် မြန်မာ့လွတ်လပ်ရေး ရက်စဉ်သမိုင်း၊ မြန်မာ့သမိုင်းဝင် သူရဲ ကောင်းများ၊ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ထိန်းသိမ်းမှုသမိုင်း၊ သမိုင်းကို လေ့လာ မည့် စစ်သမိုင်းပြတိုက်ဆီသို့၊ လွတ်လပ်ရေးပုံရိပ်များ၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာအုပ်များနှင့် အများပြည်သူ အသိပညာဗဟုသုတ ရရှိစေမည့် သုတ/ရသ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားကြောင်း သိရသည်။
တွံတေးသား