ရန်ကုန် ဒီဇင်ဘာ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နယ်လှည့်နံရံကပ်စာစောင်များ၊ ဟောပြောပွဲနှင့် စာအုပ်ပြပွဲများအား ခင်ကျင်းပြသခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်နံရံကပ်စာစောင်များ ပြသရာတွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှု သမိုင်းမှတ်တမ်းများ၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ကာလ တစ်လျှောက်ချုပ်ဆိုခဲ့သည့် သမိုင်းဝင်စာချုပ်များစသည်တို့ကို နံရံကပ်စာစောင်များဖြင့် စုံလင်စွာပြသခဲ့ပြီး၊ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက ဟောပြောပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် အတူတကွကြိုးပမ်းခဲ့ ကြသည့် ပြည်မနှင့် တောင်တန်းတို့မှ ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းများကို ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဟောပြောခဲ့ ကြောင်း သိရသည်။ ထို့အပြင် ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်တိုးတက်စေရေး အတွက် စာအုပ်ပြပွဲများကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၃၀) ဦးတက်ရောက်ခဲ့ ပြီး စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)