ခရမ်း ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး Community Center ခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်၊ လွတ်လပ်ရေး နေ့ (အထိမ်းအမှတ်)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ( ၁)နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲတွင် ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းဝေက လွတ်လပ်ရေးနေ့ဖြစ်လာပုံ၊ လွတ်လပ်ရေးရပြီးနောက် ခေတ်သုံးခေတ်၏ ဘာသာ/ သာသနာ ယဉ်ကျေးမှု တိုးတက် လာမှုများ၊ ကိုယ်မင်းကိုယ့်ချင်းဖြင့် လွတ်လပ်စွာ နေထိုင်ခဲ့မှုများနှင့် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာ အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအခမ်းအနားသို့ ကျောင်းသားကျောင်းသူများ၊ မိဘများ မြို့နယ် Women Club အဖွဲ့ဝင်များ Youth Club အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုမင်း